Tuesday, January 21, 2014

htayrawarradhamma WarDi
{[{[{ တိုတို ထွာထွာ သိစရာ }]}]}( အတ္တောဝါဒရှုဘွယ်ကျမ်း-မှ)
လိုချင် လောဘ၊ ရ ဥပါဒါန်၊ စောင့်ရှောက်ပြန်၊ ဧကန်ဒုက္ခ အမှန်ပဲ။
ဒုက္ခနှင့် ခြောက်၊ သုခ ကြောက်မှ၊ ပစ္စက္ခ၊ ဘာမှ မခံစားချင်ပဲ။
ဒုက္ခ၀တ္ထု အပူစု၊ ပယ်မှုလွန်အေးမြဲ။
မရှိ သုခ၊ ရှိ ဒုက္ခ၊ မုချအမှန်ပဲ။
မရှိသုခံ၊ ပစ္စုပ္ပန်၊ နိဗ္ဗာန်အမှန်ပဲ။
ဒုက္ခနှင့် ခြောက်၊ သုခ ကြောက်၊ မျက်မှောက်နိဗ္ဗာန် သိမြင်မြဲ။(မိဂပဒ၀ဠဉ္ဇနည်း)
သစ္စာ ခွဲနည်း
လိုချင်လောဘ ရဥပါဒါန်-ကား သမုဒယသစ္စာကို ပြ၏။
စောင့်ရှောက်ပြန်-ကား ဒုက္ခသစ္စာကို ပြ၏။
မရှိသုခ-ကား နိရောဓသစ္စာကို ပြ၏။
ရှိ ဒုက္ခ-ကား ဒုက္ခသစ္စာကို ပြ၏။
ဒုက္ခ-သမုဒယ-နိရောဓသစ္စာတို့ကို သိမြင်သော သမ္မာဒိဋ္ဌိသည် မဂ္ဂသစ္စာကို ပြ၏။
အတ္တောဝါဒရှုဘွယ်ဆိုသည်ကား မိမိကိုယ်ကို မဂ်ဖိုလ်ရအောင် ဆုံးမသွန်သင် ဆင်ခြင်ရှုရမည်-ဟုဆိုလိုသည်။ ။ ။

ဖောက်ပြန်လျှင်ရုပ်၊ ညွှတ်လျှင်နာမ်၊ ရုပ်-နာမ်နှစ်ပါးမှတ်။
မသိလျှင်ရုပ်၊ သိလျှင်နာမ်၊ ရုပ်နာမ်နှစ်ပါးမှတ်။
မြင်-ကြား-နံ-လျက်-ထိ၊ ရုပ်မှတ်ဘိ၊ သိလျှင်နာမ်ချည်းမှတ်။
မရှိတာသိ၊ ရှိတာသိ၊ ဒိဋ္ဌိပျောက် ရုပ်နာမ်ထင်ပြီမှတ်။
အမည်နာမ၊ ခေါ်သမျှ၊ နှုတ်ကဖြစ်တာ ပညတ်မှတ်။
မြင်ရုပ်-ကြားရုပ်-နံရုပ်-လျက်ရုပ်-ထိရုပ်၊ ပဉ္စာရုံ ရုပ်ငါးပါးမှတ်။
မြင်သိနာမ်-ကြားသိနာမ်- နံသိနာမ်-လျက်သိနာမ်-ထိသိနာမ်-ကြံသိနာမ်၊ ၀ိညာဉ်နာမ်ခြောက်ပါမှတ်။ {{{ရူပါရူပသဂြိုဟ်သံခိပ်ကျမ်း-မှ}}}

{{{{{ပညတ်-နှစ်မျိုး}}}}}
ဝိဇ္ဇမာနပညတ်-ရုပ်ဟု နာမ်ဟု ခေါ်ဝေါ်ခြင်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ၀ိဇ္ဇမာနပညတ်မှတ်။ ဖောက်ပြန်တတ်သော သဘောတရားစုကို ရုပ်မှတ်။
အာရုံသို့ ညွှတ်တတ်သော သဘောတရားကို နာမ်မှတ်။
ပထ၀ီ-အာပေါစသည်။ ၀ိညာဉ်-ဝေဒနာစသည် ခေါ်ဝေါ်ခြင်းတို့တည်း။
အ၀ိဇ္ဇာမာနပညတ်-ငါဟု-ကိုယ်ဟု-သူ-ကျား-မ-ကေသာ-လောမာစသည် ခေါ်ဝေါ်ခြင်း ခေါ်ဝေါ်ခြင်းသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အ၀ိဇ္ဇာမာနပညတ်မှတ်။
ဗိမ္ဗိသာရ-အနာထပိဏ်-၀ိသာခါ အစရှိသော သောတာပန်ပုဂ္ဂိုလ်တို့သည် လောဘ ဒေါသစသည် အကုသိုလ်တရားဖြစ်ပွားသော်လည်း သက္ကာယဒိဋ္ဌိကို သမုစ္ဆေဒပဟာန်အားဖြင့် အမြဲခွါ၍ နေဘိသကဲ့သို့ ထိုနည်းတူစွာ ရုပ်ထင်မြင်ပြီးသော သူသည် သက္ကာယဒိဋ္ဌိကို ၀ိပဿနာဉာဏ်ဖြင့် တဒင်္ဂပဟာန်အားဖြင့် ခွါ၍နေ၏။ ရုပ်လည်းအမြဲ ထင်၍နေ၏။

{{{{{ သမ္ပဇည လေးပါး }}}}}
(၁) အကျိုးရှိလတ်၊ သိမြင်တတ်၊ သတ္ထကသမ္ပဇည။
အကျိုးရှိသည် မရှိသည်ကို သိတတ်သောဉာဏ်။
(၂) လျှေက်ပတ်သည်မှာ၊ သိမြင်ရာ၊ သပ္ပါယသမ္ပဇည။
လျှောက်ပတ်သည် မလျှောက်ပတ်သည်ကို သိတတ်သောဉာဏ်။
(၃) လေးယာပထ၊ ကမ္မဋ္ဌာန်းမြဲက၊ ဂေါစရသမ္ပဇည။
ကမ္မဋ္ဌာန်းအာရုံကို မစွန့်ပဲ အမြဲနှလုံးသွင်းရမည်-ဟုသိတတ်သောဉာဏ်။
(၄) ရုပ်နာမ်ဓမ္မ၊ သိမြင်ကြ၊ အသမ္မောဟသမ္ပည။
ရုပ်နာမ်ဓမ္မ သဘာဝကို မတွေမဝေ သိတတ်သောဉာဏ်။
ရှင်းလင်းချက်---
အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်၍ အကျိုးရှိမှပြုခြင်း။
အကျိုးရှိသော်လည်း လျှောက်ပတ်မှု ရှိသည် မရှိသည်ကို ဆင်ခြင်၍ လျှောက်ပတ်မှပြုခြင်း။
အကျိုးရှိ လျှောက်ပတ်သော်လည်း ကမ္မဋ္ဌာန်းကို မစွန့်ပဲ အမြဲနှလုံးသွင်း၍ပြုခြင်း။
အမြဲနှလုံးသွင်း၍ ပြုသော်လည်း သမ္ပဇည-၇-ဌာနနှင့်အညီ ၀ိပဿနာဘာဝနာကို နှလုံးသွင်း၍ ပြုခြင်း။
အကျိုးလိုချင်၊ အကြောင်းထွင်၊ တွင်တွင်အားထုတ်ပါ။
အကြောင်းလုပ်မှ၊ အကျိုးရ၊ ဗုဒ္ဓဒေသနာ။ ။

No comments:

Post a Comment