Wednesday, January 22, 2014

  1. နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်                                     
                                                             
                                                                                   

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ၀ိမုတ္တာနံ၊ နမော ၀ိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ၀ိမုတ္တိငါးပါးအား ရှိခိုးပါ၏။       

Add caption

ဆုတောင်း

ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။
ဣဒံ မေ ပုညံ နဝလောကုတ္တရဓမ္မဿ ပစ္စယော ဟောတု။

၁။ ဒုက္ခပ္ပတ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၂။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
၃။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
ပုညဘာဂမိမံ စညံ၊ သမံ ဒဒါမ ကာရိတံ
နုမောဒန္တု တံ သဗ္ဗေ၊ မေဒိနီ ဌာတု သက္ခိတေ။

(သာဓု၊ သာဓု၊ သာဓု)
http://www.vimuttisukha.com/2013/06/blog-post_27.html

" မနာပဒါယီ ": ဗုဒ္ဓအလိုကျ နေထိုင်ခြင်း

" မနာပဒါယီ ": ဗုဒ္ဓအလိုကျ နေထိုင်ခြင်း: “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။ ” ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား ...

Tuesday, January 21, 2014

https://www.facebook.com/notes/min-aung-naing/%E1%80%9E%E1%80%99%E1%80%AC%E1%80%93%E1%80%AD%E1%80%9E%E1%80%B1%E1%80%99%E1%81%BA%E1%80%AC%E1%80%87%E1%81%A9%E1%80%84%E1%80%B9-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8-%E1%81%81%E1%81%81-%E1%80%95%E1%80%AB%E1%80%B8/493223344038766
https://www.facebook.com/notes/min-aung-naing/%E1%80%9E%E1%80%99%E1%80%AC%E1%80%93%E1%80%AD%E1%80%9E%E1%80%B1%E1%80%99%E1%81%BA%E1%80%AC%E1%80%87%E1%81%A9%E1%80%84%E1%80%B9-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8-%E1%81%81%E1%81%81-%E1%80%95%E1%80%AB%E1%80%B8/493223344038766

ရွှေအိမ်စည် စာကြည့်တိုက်: ခေါင်းဆောင်

ရွှေအိမ်စည် စာကြည့်တိုက်: ခေါင်းဆောင်: ခေါင်းဆောင်           ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆေ...

htayrawarradhamma WarDi
{[{[{ တိုတို ထွာထွာ သိစရာ }]}]}( အတ္တောဝါဒရှုဘွယ်ကျမ်း-မှ)
လိုချင် လောဘ၊ ရ ဥပါဒါန်၊ စောင့်ရှောက်ပြန်၊ ဧကန်ဒုက္ခ အမှန်ပဲ။
ဒုက္ခနှင့် ခြောက်၊ သုခ ကြောက်မှ၊ ပစ္စက္ခ၊ ဘာမှ မခံစားချင်ပဲ။
ဒုက္ခ၀တ္ထု အပူစု၊ ပယ်မှုလွန်အေးမြဲ။
မရှိ သုခ၊ ရှိ ဒုက္ခ၊ မုချအမှန်ပဲ။
မရှိသုခံ၊ ပစ္စုပ္ပန်၊ နိဗ္ဗာန်အမှန်ပဲ။
ဒုက္ခနှင့် ခြောက်၊ သုခ ကြောက်၊ မျက်မှောက်နိဗ္ဗာန် သိမြင်မြဲ။(မိဂပဒ၀ဠဉ္ဇနည်း)
သစ္စာ ခွဲနည်း
လိုချင်လောဘ ရဥပါဒါန်-ကား သမုဒယသစ္စာကို ပြ၏။
စောင့်ရှောက်ပြန်-ကား ဒုက္ခသစ္စာကို ပြ၏။
မရှိသုခ-ကား နိရောဓသစ္စာကို ပြ၏။
ရှိ ဒုက္ခ-ကား ဒုက္ခသစ္စာကို ပြ၏။
ဒုက္ခ-သမုဒယ-နိရောဓသစ္စာတို့ကို သိမြင်သော သမ္မာဒိဋ္ဌိသည် မဂ္ဂသစ္စာကို ပြ၏။
အတ္တောဝါဒရှုဘွယ်ဆိုသည်ကား မိမိကိုယ်ကို မဂ်ဖိုလ်ရအောင် ဆုံးမသွန်သင် ဆင်ခြင်ရှုရမည်-ဟုဆိုလိုသည်။ ။ ။

ဖောက်ပြန်လျှင်ရုပ်၊ ညွှတ်လျှင်နာမ်၊ ရုပ်-နာမ်နှစ်ပါးမှတ်။
မသိလျှင်ရုပ်၊ သိလျှင်နာမ်၊ ရုပ်နာမ်နှစ်ပါးမှတ်။
မြင်-ကြား-နံ-လျက်-ထိ၊ ရုပ်မှတ်ဘိ၊ သိလျှင်နာမ်ချည်းမှတ်။
မရှိတာသိ၊ ရှိတာသိ၊ ဒိဋ္ဌိပျောက် ရုပ်နာမ်ထင်ပြီမှတ်။
အမည်နာမ၊ ခေါ်သမျှ၊ နှုတ်ကဖြစ်တာ ပညတ်မှတ်။
မြင်ရုပ်-ကြားရုပ်-နံရုပ်-လျက်ရုပ်-ထိရုပ်၊ ပဉ္စာရုံ ရုပ်ငါးပါးမှတ်။
မြင်သိနာမ်-ကြားသိနာမ်- နံသိနာမ်-လျက်သိနာမ်-ထိသိနာမ်-ကြံသိနာမ်၊ ၀ိညာဉ်နာမ်ခြောက်ပါမှတ်။ {{{ရူပါရူပသဂြိုဟ်သံခိပ်ကျမ်း-မှ}}}

{{{{{ပညတ်-နှစ်မျိုး}}}}}
ဝိဇ္ဇမာနပညတ်-ရုပ်ဟု နာမ်ဟု ခေါ်ဝေါ်ခြင်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ၀ိဇ္ဇမာနပညတ်မှတ်။ ဖောက်ပြန်တတ်သော သဘောတရားစုကို ရုပ်မှတ်။
အာရုံသို့ ညွှတ်တတ်သော သဘောတရားကို နာမ်မှတ်။
ပထ၀ီ-အာပေါစသည်။ ၀ိညာဉ်-ဝေဒနာစသည် ခေါ်ဝေါ်ခြင်းတို့တည်း။
အ၀ိဇ္ဇာမာနပညတ်-ငါဟု-ကိုယ်ဟု-သူ-ကျား-မ-ကေသာ-လောမာစသည် ခေါ်ဝေါ်ခြင်း ခေါ်ဝေါ်ခြင်းသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အ၀ိဇ္ဇာမာနပညတ်မှတ်။
ဗိမ္ဗိသာရ-အနာထပိဏ်-၀ိသာခါ အစရှိသော သောတာပန်ပုဂ္ဂိုလ်တို့သည် လောဘ ဒေါသစသည် အကုသိုလ်တရားဖြစ်ပွားသော်လည်း သက္ကာယဒိဋ္ဌိကို သမုစ္ဆေဒပဟာန်အားဖြင့် အမြဲခွါ၍ နေဘိသကဲ့သို့ ထိုနည်းတူစွာ ရုပ်ထင်မြင်ပြီးသော သူသည် သက္ကာယဒိဋ္ဌိကို ၀ိပဿနာဉာဏ်ဖြင့် တဒင်္ဂပဟာန်အားဖြင့် ခွါ၍နေ၏။ ရုပ်လည်းအမြဲ ထင်၍နေ၏။

{{{{{ သမ္ပဇည လေးပါး }}}}}
(၁) အကျိုးရှိလတ်၊ သိမြင်တတ်၊ သတ္ထကသမ္ပဇည။
အကျိုးရှိသည် မရှိသည်ကို သိတတ်သောဉာဏ်။
(၂) လျှေက်ပတ်သည်မှာ၊ သိမြင်ရာ၊ သပ္ပါယသမ္ပဇည။
လျှောက်ပတ်သည် မလျှောက်ပတ်သည်ကို သိတတ်သောဉာဏ်။
(၃) လေးယာပထ၊ ကမ္မဋ္ဌာန်းမြဲက၊ ဂေါစရသမ္ပဇည။
ကမ္မဋ္ဌာန်းအာရုံကို မစွန့်ပဲ အမြဲနှလုံးသွင်းရမည်-ဟုသိတတ်သောဉာဏ်။
(၄) ရုပ်နာမ်ဓမ္မ၊ သိမြင်ကြ၊ အသမ္မောဟသမ္ပည။
ရုပ်နာမ်ဓမ္မ သဘာဝကို မတွေမဝေ သိတတ်သောဉာဏ်။
ရှင်းလင်းချက်---
အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်၍ အကျိုးရှိမှပြုခြင်း။
အကျိုးရှိသော်လည်း လျှောက်ပတ်မှု ရှိသည် မရှိသည်ကို ဆင်ခြင်၍ လျှောက်ပတ်မှပြုခြင်း။
အကျိုးရှိ လျှောက်ပတ်သော်လည်း ကမ္မဋ္ဌာန်းကို မစွန့်ပဲ အမြဲနှလုံးသွင်း၍ပြုခြင်း။
အမြဲနှလုံးသွင်း၍ ပြုသော်လည်း သမ္ပဇည-၇-ဌာနနှင့်အညီ ၀ိပဿနာဘာဝနာကို နှလုံးသွင်း၍ ပြုခြင်း။
အကျိုးလိုချင်၊ အကြောင်းထွင်၊ တွင်တွင်အားထုတ်ပါ။
အကြောင်းလုပ်မှ၊ အကျိုးရ၊ ဗုဒ္ဓဒေသနာ။ ။
Add caption
“ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊ ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော် အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါ သည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊ ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊ (၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊ (၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊ (၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊ (၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊ (၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊ (၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊ (၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊ (၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊ (၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊ (၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊ အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့်၊ ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊>ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြ ခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါ သည်၊၊ “အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊ အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - - (၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊ (၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊ (၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊ (၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊ (၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊ (၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊ (၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊ (၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊ (၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊ (၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊ (၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊ (၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊ (၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊ (၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊ (၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊ (၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊ (၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊ (၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊ “အကိတ္တိရှင်ရသေ့”၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊ ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊ ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊မိမိဘ၀တွင် ဖြစ် ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွား များကိုအလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည်ဟု အရှင်ထင်မြင် မိပါသည်၊၊ ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများ စွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုတ်သည့် ဆု တောင်းများဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီး မှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို “ပါဠိနိကာယ်ကျမ်း”ကြီးများ တွင် ဖော်ပြထားပါသေး သည်၊၊ ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့်၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊ မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါ သည်၊၊စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊ Credit to https://www.facebook.com/pages/သဘာဝတရားကိုလေ့လာခြင်း နာယူခြင်းသင်ယူခြင်း